နိုင်ငံတော်အစိုးရအား မူဝါဒရေးရာအကြံပြုခြင်း

 

ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်လာစေရေး၊ ဆင်းရဲချမ်းသာကွာဟမှုကို လျှော့ချရေးစသည့် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား ရောက်ရှိနိုင်ရန်အတွက် ထိရောက်သော စီးပွားရေးဆိုင်ရာ မူဝါဒများချမှတ်ရန်လိုအပ်ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည့် စီးပွားရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင်  Macro စီးပွားရေး မူဝါဒအမြင်နှင့် လက်တွေ့စီးပွားရေးနယ်ပယ်တို့အကြား ကွာဟချက်များမရှိပဲ လိုက်လျောညီထွေစွာ အပြန်အလှန်ချိတ်ဆက်စေရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင်အသင်းများနှင့်အတူ နိုင်ငံတော်အစိုးရအား အကြံပြုတင်ပြပေးပါသည်။ 

နိုင်ငံတော်အစိုးရဌာနများက ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ မူကြမ်းရေးဆွဲရာတွင်လည်း ကုန်သည်စက်မှုအသင်းချုပ်သည်  ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်အားဖန်တီးနိုင်ရန်ရည်ရွယ်ချက်ဖြင့် အကြံပြုချက်များဖြင့် ထောက်ပံ့ကူညီပေးပါသည်။

ထို့သို့ အကြံပြုချက်များ၊ ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင်  အသင်းချုပ် အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော ဘောဂဗေဒပညာရှင်များ၊ အသင်းဝင် လုပ်ငန်းရှင်များ၊ ညီနောင်အသင်းများနှင့် ပြည်တွင်းရှိ နိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များထံမှ ကနဦး အကြံပြုချက်များ၊ သဘောထားအမြင်များကို အခြေခံကာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့အတူ စစ်တမ်းများ၊ လေ့လာချက်များ ပြုလုပ်၍လည်း ရရှိလာသည့် တွေ့ရှိချက်များအပေါ်အခြေခံကာ နိုင်ငံတော်အစိုးရအား အကြံပြုတင်ပြပါသည်။

ထို့သို့ ပိုမိုကောင်းမွန်သော စီးပွားရေးဝန်းကျင်တစ်ရပ်ဖန်တီးနိုင်ရေးမှသည် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးကိုရှေးရှု၍ နိုင်ငံတော်အစိုးရအား ပိုမိုကောင်းမွန်သော မူဝါဒရေးရာအကြံပြုနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ အတွေ့အကြုံများနှင့် အတွေးအမြင်အကြံဉာဏ်များကို အစဉ်အမြဲကြိုဆိုဖိတ်ခေါ်လျက်ရှိပါသည်။

Back